Friday, January 26, 2024

နမ့်ဖတ်ကာမှာ ပျက်ကျခဲ့တဲ့ စစ်ကောင်စီရဲ့ FTC2000G တိုက်လေယာဉ်တွေ့ရှိ

ရွှေဖီမြေ၊ ဇန်နဝါရီ ၂၅ ရက်၊ နမ့်ဖတ်ကာ
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်တပ်မတော်- KIA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း ပျက်ကျခဲ့တဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ် FTC2000G ကို တွေ့ရှိခဲ့တယ်လို့ KIA ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီလေယာဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပစ်ခတ်ခံရပြီး ပျက်ကျခဲ့တာပဲ ဖြစ်ပါတယ်။
လေယာဉ်ဟာ ရှမ်းတောင် နမ့်စန် လေတပ်စခန်းက လေယာဉ်ဖြစ်ပြီး လေယာဉ်နဲ့အတူလိုက်ပါလာတဲ့ လေယာဉ်မှူး ၂ ဦးလည်း သေဆုံးသွားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
နမ့်ဖတ်ကာကို ၂၇ ရက်ကြာ ထိုးစစ်ဆင်
တိုက်ခိုက်ပြီးနောက် KIA က စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
All reactions:
C Lu Bu, Naw San and 3.8K others

No comments:

Post a Comment